England သွားရင် ဘာတွေ ပြင်ဆင်ထားရမလဲ?
အောက်တိုဘာ လ ၁၁ ရက် မနက် ၄ နာရီ နောက်ပိုင်း မှာ မြန်မာနိုင်ငံကို ကိုဗစ်ဆိုင်ရာ ခရီးသွားများ Red List တိုင်းပြည်ကနေ UK က ထုတ်ပေးပါတော့မယ်။ ဒီတော့ Managed Hotel Quarantine တွေ မလိုတော့ဘဲ ဆေးမထိုးထားရသေးရင် မိမိ နေတဲ့ နေရာ (home or hotel or hostel )တွေမှာပဲ ၁၀ ရက် self-quarantine လုပ်ရတော့မှာဖြစ်ပါတယ်။ Visit Visa တွေလည်း ပြန်လျှောက်နိုင်တော့မယ် အခွင့်အရေးတွေ ရလာနိုင်ပါတယ်။
ဒီအကြောင်းကို တတ်နိုင်သမျှ စေ့ငု မိအောင် အချက်အလက်လေးတွေ အတိုချုံး တင်ပေးထားပါတယ်။
ဆေးထိုးပြီးသား ကာကွယ်မှု အပြည့်(fully vaccinated) ခရီးသည် လို့ UK က ဘယ်လိုအချက်တွေနဲ့ သတ်မှတ်လဲ ?
ဆေးအမျိုးအစားက အောက်ပါ ဆေးတွေ ဖြစ်ရပါမယ်
- Oxford/AstraZeneca (Covidshield ရပါတယ်။)
- Pfizer BioNTech
- Moderna
- Janssen
England ကို မရောက်မှီ ၁၄ ရက်မတိုင်ခင် က janssen ကလွဲလို့ တခြားဆေးတွေက ၂ ကြိမ် ထိုးထားပြီးဖြစ်ရပါမယ်။ (နောက်ဆုံးဆေးထိုးတဲ့ ရက်ကို ထည့်မတွက်ပါဘူး) ဆေး ၂မျိုးကို ရောထိုးထားလည်း ရပါတယ်။ ဒါကိုမှ fully vaccinated ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ janssen ကတော့ တစ်လုံးပဲ ထိုးစရာလိုလို့ တစ်လုံးထိုးပြီး ၁၄ ရက်နေရင် fully vaccinated ဖြစ်ပါတယ်။
Vaccine certificate က English လို ဖြစ်ရပါမယ်။ (မဟုတ်ရင် နိုတြီကိစ္စ လုပ်ရမယ် ပေါ့)
Vaccine Certificate မှာ
အမည်, ဆေးထိုးထားတဲ့ ရက်စွဲများ, မွေးရက်, ဆေးအမျိုးအစားနှင့် အမျိုးအမည်, ဆေးထိုးပေးတဲ့အဖွဲ့အစည်းနှင့် ထိုးထားသည့် မြို့ ၊နိုင်ငံ
စတဲ့ အချက်တွေ ပါဝင်ရပါမယ်။
ကာကွယ်မှုအပြည့် ဆေးထိုးပြီးသား(fully vaccinated) ခရီးသည်တွေ အနေနဲ့ England ကို ခရီးသွားတော့မယ် ဆိုရင်
- PCR test England ဖက်က မတောင်းပါ ( မိမိစီးသွားမယ့် လေကြောင်းလိုင်းကိုတော့ မေးပါ။ သူတို့ တောင်းနိုင်ပါတယ်။)
- England ရောက်ပြီး Day 2 မှာ covid test တစ်ခု စစ် ဖို့ကို မသွားခင်ကတည်းက ကြိုပြီး ဘိုကင် ယူထားရပါမယ်။
(ရေတွက်ပုံ။ ရောက်ရောက်ချင်းနေ့ ကို Day -0 လို့ သတ်မှတ်ပြီး နောက်နေ့ ကို Day – 1 စသဖြင့်တိုးပြီး ရေတွက်ပါတယ်။)
- Passenger Locator Form လို့ခေါ်တဲ့ မိမိပတ်စပို့ အချက်အလက်တွေ နဲ့ England မှာ မိမိနေမယ့် လိပ်စာရယ် အပေါ်က covid test ဘိုကင်လုပ်ထားတာရယ် တွဲတင်ရတဲ့ဖောင်ကို မရောက်မှီ ၄၈ နာရီ ကြိုပြီး တင်ပေးထားရပါမယ်။
Covid-test Day 2 အတွက် ဒီလင့်ခ်မှာ ဖောင်တင်နိုင်ပါတယ်။
Passenger Locator Form အတွက် ဒီလင့်ခ်မှာ ဖောင်တင်နိုင်ပါတယ်။
ဆေးမထိုး (ဝါ) အပေါ်က သူတို့သတ်မှတ် ထားတဲ့ ဆေးတွေ မထိုးထားရင်တော့
- Covid-19 test ကို England ခရီးမစ ခင် ၃ ရက် အလိုက စစ်ထားရပါမယ်
- England ရောက်ပြီး Day 2 နှင့် Day 8 မှာ (၂ကြိမ်) covid-19 test လာစစ်ဖို့ဘိုကင် ကြိုတင်ရပါမယ်။
- Passenger Locator Form လို့ခေါ်တဲ့ မိမိပတ်စပို့ အချက်အလက်တွေ နဲ့ England မှာ မိမိနေမယ့် လိပ်စာရယ် အပေါ်က covid test ဘိုကင်လုပ်ထားတာရယ် တွဲတင်ရတဲ့ဖောင်ကို မရောက်မှီ ၄၈ နာရီ ကြိုပြီး ဖြည့်ပေးပါ။
-
အိမ်မှာ (သို့) မိမိတည်းမယ့်နေရာမှာ ၁၀ ရက် Quarantine ဝင်ရပါမယ်။ မိသားစု သူငယ်ချင်းများနဲ့ အတူနေနိုင်ပါတယ်။ ၂မီတာလောက် ခွာနေဖို့ လိုပါတယ်။( ဆေးကုသမှုများ၊ ဆေးစစ်မှုများ၊ တိရိစ္ဆာန်ကုသမှုများ၊ ကျန်းမာရေး အရေးပေါ် စိတ်ပိုင်းဆိုင်ရာ ကူညီမှုများ ကလွဲလို့ အပြင်နဲ့ မထိတွေ့ရပါဘဲ နေရပါမယ်။ လေ့ကျင့်ခန်းဘာညာလည်း အိမ်ထဲမှာပဲလုပ်နိုင်ပါတယ်။)
၁၀ ရက်အောက်ပဲ နေမယ့်လူတွေ အတွက် ကတော့ အိမ်မှာပဲ နေပြီး ပြန်ရမယ့်သဘောပါပဲ။ covid-test စစ် ဖို့ ဘိုကင်ကိုလည်း ၂ ခါစာ တင်ရမှာပဲ ဖြစ်ပါတယ်။
Covid-test Day 2 အတွက် ဒီလင့်ခ်မှာ ဖောင်တင်နိုင်ပါတယ်။
Passenger Locator Form အတွက် ဒီလင့်ခ်မှာ ဖောင်တင်နိုင်ပါတယ်။
ကလေးတွေ အတွက်ကော ဘာတွေလိုလဲ?
- ၁၁ နှစ် အထက်တွေ ဆိုရင် ခရီးစဉ်မစမှီကတည်းက covid-test လုပ်ဖို့လိုပါတယ်။
- ၅နှစ်ကနေ ၁၇ ထိ ကတော့ England ရောက် ရင် Day 2 နဲ့ Day 8 covid test စစ်ဖို့လိုပါမယ်။(ရောက်ရောက်ချင်းနေ့က Day 0 ဖြစ်ပြီး နောက်ရက် က Day 1 လို့ရေတွက်ပါတယ်။)
- နေတဲ့ နေရာ ၊ တည်းတဲ့ နေရာမှာ ၁၀ ရက် Quarantine ဝင်ဖို့လည်း လိုပါတယ်။
- အသက် ၄ နှင် နှင့် အောက် တွေ ကတော့ covid-test မလိုပါဘူး Quarantine rules တွေတော့ လိုက်နာရပါမယ်
UK Visa များလျှောက်ထားရန် ဝန်ဆောင်မှု လိုခြင်း၊ Travel Insurance ဝယ်လိုခြင်းတို့အတွက် ဆက်သွယ်လိုလျှင်
09 - 26 153 777 1
09 - 26 153 777 2