fbpx
 

AustraliaJobAustralia Agriculture Visa For Myanmar

August 29, 2021
🇦🇺အခုတလော hot နေတဲ့ Australia ရဲ့ Agriculture Visa 🇦🇺
—————————————————–
Australia ရဲ့ ဝင်ငွေအရှာပေးနိုင်ဆုံး industry တစ်ခုဖြစ်တဲ့ Agriculture industry (လယ်ယာစိုက်ပျိုးရေး) ဟာ အလုပ်သမား ရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။
လယ်ပိုင်ရှင်တွေ ၊စိုက်ပျိုးရေးလုပ်ငန်း ပိုင်ရှင်တွေနှင့် နို့ထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းပိုင်ရှင်တွေရဲ့ 80 ရာခိုင်နှုန်းသော ပြသနာဟာ အလုပ်သမား ရှားပါးမှု၊ အလုပ်သမား မမြဲခြင်းတို့ ဖြစ်နေပါတယ်။
ဒီပြသနာ ကို ဝန်ကြီးဌာနအဆင့်ကနေ နိုင်ငံတော်အဆင့်အထိ ဖြေရှင်းကြဖို့ ကြိုးစားတဲ့ အခါမှာ Agriculture Visa လို့ခေါ်တဲ့ စိုက်ပျိုးရေး ဗီဇာ တစ်ခု သတ်မှတ်ပြီး အာရှနိုင်ငံက လူတွေကို ခေါ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ပေးကြဖို့ ဆုံးဖြတ်ကြပါတယ်။ ကံကောင်းတယ် ပြောရမလား ဒီနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။
ဒီ Visa ဟာ အခုမှ စထွက်မယ့် Visa အသစ်ဖြစ်တာကြောင့် သေသေချာချာ ရေရေရာရာ ဒီVisa အကြောင်းကို ဘယ်သူမှ မပြောနိုင်သေးပါဘူး။
အလုပ်အကိုင် တွေကို
👉၁. Farming (လယ်လုပ်ငန်းဆိုင်ရာများ)
👉၂. Fisheries (ငါးပုဇွန် လုပ်ငန်းဆိုင်ရာများ)
👉၃. Forestry (စိုက်ပျိုးရေး သစ်တောထိန်းသိမ်းရေးဆိုင်ရာများ)
👉၄. Meat Processing( အသားထုတ်ပိုး ထုတ်လုပ်မှုဆိုင်ရာများ)
တို့မှာ လုပ်ကိုင်ကြရမှာ ဖြစ်ပြီး ဒီVisa ကနေ တဆင့် Permenant Residence လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် Visa (သို့မဟုတ်) regional settlement လို့ခေါ်တဲ့ နယ်တစ်ခုမှာ အချိန်သတ်မှတ်ချက်နဲ့ အမြဲတမ်းနေထိုင်ခွင့်(အချိန်ပြည့်ရင် နယ်ပြောင်းနိုင်) တစ်ခုခု ကိုလည်း လျှောက်နိုင်၊ ပြောင်းလဲ နိုင်မယ်လို့ ဆိုထားပေမယ့် သေချာတိကျ တဲ့ အချက်အလက်တွေတော့ ထုတ်ပြန်ကြေငြာထားတာ မတွေ့ရှိသေးပါဘူး။
Visa သက်တမ်းဟာ ၃ နှစ်အထိ ပေးမယ်လို့ ဆိုထားပြီး တစ်နှစ် မှာ ၃ လလောက် ကိုယ့်တိုင်းပြည်ကို ပြန်နားနိုင်တယ်လို့လည်း အကြမ်းဖျင်းရှာဖွေတွေ့ရပါတယ်။ဒီ Visa ဟာ အလုပ်အကိုင်သတ်မှတ်ချက် ရှိတာကြောင့် ဒီVisa နဲ့သွားရင် အထက်မှာ ဖော်ပြထားတဲ့ အလုပ်အကိုင်အသက်မွေးမှုတွေကိုပဲ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
ဒီ Visa ကနေတဆင့် PR ရသွားလျှင်တော့ အလုပ်အကိုင် သတ်မှတ်ချက်က ပယ်ပျက်သွားနိုင်ဖွယ် ရှိတယ်လို့ tmtm visa ကျွမ်းကျင်သူတွေက ခန့်မှန်းထားပေမယ့် တိကျ သေချာတဲ့ အချက်အလက်ကိုတော့ ရှာဖွေ မတွေ့သေးပါဘူး။
စက်တင်ဘာလ ကုန်လောက်မှာ ဒီ Visa နဲ့ပတ်သက်တဲ့ စည်းမျဉ်းဉပဒေတွေ Australia အစိုးရက စတင်အသက်သွင်းမှာဖြစ်တယ်လို့ စိုက်ပျိုးရေး ဝန်ကြီးက ဒီနေ့ သြဂုတ်လ ၂၃ ရက်​နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Visa လျှောက်ခွင့်ပေးဖို့က တော့ ခေါ်ယူမယ့် နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီမှု ရရှိတဲ့ အချိန်ပေါ်မူတည်ပြီးခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ (တိကျ သေချာတဲ့ အချိန်ကာလ ကို မထုတ်ပြန်နိုင်သေးဘူးဆိုတဲ့ သဘောပါပဲ။)
Visa လျှောက်ရာမှာ လိုအပ်မယ့် အချက်အလက်များကို စက်တင်ဘာလ ကုန်မှာ အတိအကျ ထုတ်ပြန် ကြေငြာမယ်လို့မျှော်လင့်ရပါတယ်။
Seasonal worker programme နှင့် Pacific Labour Scheme ပုံစံ ပေါ် အခြေခံပြီး ထွက်လာမယ့် Visa အစီအစဉ် ပဲ ဖြစ်ပါတယ်။
ဘယ်လို Visa ပုံစံ နဲ့လာသည်ဖြစ်ပါစေ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိနိုင်မယ့် Australia Agri Visa ကို tmtm မှ တိကျသေချာစွာ ဝန်ဆောင်မှု ပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Take me to Myanmar
09 – 26 153 777 0 ~ 4
Share on social networks
Social Media Auto Publish Powered By : XYZScripts.com