အခုတလော hot နေတဲ့ Australia ရဲ့ Agriculture Visa —————————————————– Australia ရဲ့ ဝင်ငွေအရှာပေးနိုင်ဆုံး industry တစ်ခုဖြစ်တဲ့ Agriculture industry (လယ်ယာစိုက်ပျိုးရေး) ဟာ အလုပ်သမား ရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ လယ်ပိုင်ရှင်တွေ ၊စိုက်ပျိုးရေးလုပ်ငန်း ပိုင်ရှင်တွေနှင့် နို့ထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းပိုင်ရှင်တွေရဲ့ 80 ရာခိုင်နှုန်းသော ပြသနာဟာ အလုပ်သမား ရှားပါးမှု၊ အလုပ်သမား မမြဲခြင်းတို့ ဖြစ်နေပါတယ်။ ဒီပြသနာ ကို ဝန်ကြီးဌာနအဆင့်ကနေ နိုင်ငံတော်အဆင့်အထိ ဖြေရှင်းကြဖို့ ကြိုးစားတဲ့ အခါမှာ Agriculture Visa လို့ခေါ်တဲ့ စိုက်ပျိုးရေး ဗီဇာ တစ်ခု သတ်မှတ်ပြီး အာရှနိုင်ငံက လူတွေကို ခေါ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ပေးကြဖို့ ဆုံးဖြတ်ကြပါတယ်။...