UAE Gree Visa & Freelance Visa
ယခု လောလောဆယ် အချိန်ထိ UAE မှာနေတဲ့ နိုင်ငံခြားသားတွေအတွက် residenc visa လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်ကို အလုပ်ရှင် (ဝါ)ကုမ္မဏီတွေက sponsor ပေးထားရပါတယ်။
အားနည်းချက်က အလုပ်ပြောင်းချင်ရင် ခက်ခဲပါတယ်။ အလုပ်ပြုတ်မှာ ကြောက်ရပါတယ်။ အလုပ်ပြောင်းဖို့ စဉ်းစားတာနဲ့ မိမိရဲ့အမြဲတမ်းနေထိုင်ခွင့်ပါ ထည့်စဉ်းစားရပါတယ်။
အခု Skilled-worker လို့ခေါ်တဲ့ နိုင်ငံမှာလိုအပ်တဲ့ အသိပညာရှင်အတတ်ပညာရှင်တွေ၊ ထိပ်တန်းရောက် ကျောင်းသားတွေ နဲ့ ဘွဲ့ရပညာတတ် အပါအဝင် ရင်းနှီးမြှုပ်နှံသူတွေ စွန့်ဉီး တီထွင်တွေအတွက် Green Visa လို့ခေါ်တဲ့ အလုပ်ရှင်ကို မမှီခိုတဲ့ သီးသန့် ဗီဇာ အသစ်တစ်ခု စတင်ထုတ်ပေးတော့မှာဖြစ်တယ် လို့ 5,Sept, 2021 တနင်္ဂနွေနေ့က ကုန်သွယ်ရေးဝန်ကြီး Dr Thani Al Zeyoudi က ပြောကြားလိုက်ပါတယ်။
Green Visa အောက်မှာ Freelancer Visa က sub-category အနေနဲ့ ရှိမှာ ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်တွေ စွန့်ဉီးတီထွင်တွေ အတွက် အဓိ ကရည်ရွယ်တယ်လို့ ဆိုပါတယ်။
အဆိုပါ Visa ရရှိသူဟာ မိမိ မိဘများ ၊ သားသမီး အသက် ၂၅ နှစ်အထိ ကို vsia ပေးပြီးခေါ်ယူထားခွင့်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ visa expired ဖြစ်သွားခဲ့လျှင်လည်း ရက်ပေါင်း ၁၈၀ အထိ သက်တမ်းတိုးယူခွင့် ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစုလိုက် ပြောင်းရွေ့ နေထိုင်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကို ဗီဇာ တင်းကြပ်မှုတွေ ဖြေလျော့ပေးပြီး ခေါ်ယူလိုက်တာလည်းဖြစ်နိုင်ပါတယ်။ အာရပ်နိုင်ငံတွေထဲမှာ ဆိုရင်တော့ UAE က ပထမဆုံးစတင်ဖြေလျော့ တဲ့ နိုင်ငံလို့ပဲ ဆိုရမှာပါ။
မြန်မာ့ ရင်းနှီးမြှုပ်နှံလိုသူတွေ နှင့် စွန့်ဉီးတီထွင် လုပ်ငန်းရှင်များအတွက် စဉ်းစားသင့် တဲ့ နိုင်ငံတစ်ခုတော့ ဖြစ်လာမှာ အသေအချာပါပဲ။
Visa အတွက် အသေးစိတ် အချက်အလက်တွေကို တော့ မထုတ်ပြန်သေးပါဘူး။
အသေးစိတ်သိရရင်လည်း tmtm page မှာ ထပ်တင်ပေးသွားပါဦးမယ်။
tmtm ကို follow လုပ်ထားပြီးဖတ်ရှုနိုင်ပါတယ်။
09 26 153 777 0 ~ 4
UAE Tourist Visa?