DV လျှောက်ခြင်းအဆင့်ဆင့်

September 12, 2021
USA 4
USA 3
USA 2
USA-1024x596-1

DV လျှောက်ခြင်း အဆင့်ဆင့်

၁.DV ဖောင်တင်တဲ့အဆင့်

ရိုးရှင်းပါတယ် ကံစမ်းဗီဇာ စိတ်ဝင်စားတဲ့အတွက် ပါဝင်ကံစမ်းခြင်းပါ။ မိမိဘာသာ လျှောက်ရင်ကုန်ကျစရိတ်မရှိပါ။ Agent နဲ့ လျှောက်လျှင်လည်း ကုန်ကျစရိတ် နည်းပါတယ်

၂. ကံစမ်းမဲဖောက်သည့်အဆင့်

DV ကံစမ်းမဲ မှာပါဝင် ထားတဲ့ လူတွေ ထဲက ကံစမ်းမဲ ပေါက်သူများကို ရွေးချယ်ပါတယ်။ မနှစ်က ၂၀၂၁ အတွက် ဗီဇာ ၅သောင်းခွဲ ပေးမယ်ဆိုပေမယ့် ကံစမ်းမဲ ပေါက်သူပေါင်း ၁ သိန်းနဲ့ ၃ သောင်းရှိပါတယ်။ ဘာလို့လဲ ဆိုတော့ နောက်အဆင့်တွေမှာ ပညာအရည်အချင်း စစ်တာတို့ အချက်အလက်မှန်မမှန်စစ်တာတို့နဲ့ ဖြုတ်ချလေ့ရှိပါတယ်။

ကံစမ်းမဲ အဖြေကို မေလ ၇ ရက်ပတ်ဝန်းကျင်လောက်မှာ ကြေငြာလေ့ရှိပါတယ်။ မိမိ တို့ ကံစမ်းမဲ ပေါက်မပေါက် ကိုအောက်က လင့်ခ်မှာ စစ်ကြည့်နိုင်ပါတယ်။

https://dvprogram.state.gov/ESC/(S(lwbil0piynjck4yivf3pmxmp))/CheckStatus.aspx

မိမိကံစမ်းမဲပေါက်မပေါက်ကို အပေါ်က လင့်ခ်မှာ သွားသွားကြည့်ဖို့လိုပါတယ်။ သံရုံးနှင့် အမေရိကားက ကံစမ်းမဲအဖြေ တရားဝင်ကြေငြာထားတဲ့နေရာဟာ အဆိုပါ website တစ်ခုပဲဖြစ်ပါတယ်။ ဆိုလိုတာက email တွေဘာတွေ မရခဲ့လျှင်လည်း သူတို့အပြစ်မဟုတ်ပါဘူး။ မိမိဘာသာ အဖြေတိုက်ကြည့်ရမယ့် တာဝန် ရှိပါတယ်။

၃. ကံစမ်းမဲပေါက်ပြီ

ဒီအဆင့်ကို ရောက်ပြီဆိုလျှင် သင်ဟာ ကံထူးရှင်ဖြစ်နေပါပြီ။ သို့သော် အမေရိကားကို သွားရမယ် မသွားရဘူးဆိုတာ မသေချာသေးပါဘူး။ ဗီဇာ ရမှ သွားရမှာပါ။ ဗီဇာ ရဖို့အတွက် နောက်အဆင့်တွေ ထပ်အားစိုက်ထုတ်ရပါဦးမယ်။

၄.ပညာအရည်အချင်းစစ်

ပညာအရည်အချင်း ဆယ်တန်းအောင် ရပါမယ်။ မအောင်ရင် ဒီနေရာမှာ ပြုတ်ပါတယ်။ လျှောက်ထားတဲ့လူပဲ အောင်စရာလိုပါတယ်။

ဆယ်တန်းမအောင်ပေမယ့် တချို့ အလုပ်အတွေ့အကြုံ ၂ နှစ်အထက်တွေ qualify ဖြစ်တယ် လို့ ဆိုပေမယ့် အဆိုပါ အလုပ်များက မြန်မာပြည်မှာတော့ ဆယ်တန်းအောင် မှ လုပ်လို့ရတဲ့ အလုပ်များလိုဖြစ်နေပါတယ်။ အောက်က လင့်ခ်မှာ အသေးစိတ်ကြည့်နိုင်ပါတယ်။

https://www.onetonline.org/find/quick?s=Job+Zone+4+or+5,+classified+in+a+Specific+Vocational+Preparation+(SVP)+range+of+7.0+or+higher&g=Go

ဒီနေအဆင့်မှာ လျှောက်ထားသူရဲ့ ပတ်စပို့တ်ကိုလည်း တင်ပေးရမှာဖြစ်ပါတယ်။ လျှောက်ထားသူရဲ့ ပတ်စပို့တ်ဟာ DV လျှောက်တုန်းက သက်တမ်းရှိတဲ့ ပတ်စပို့တ်ဖြစ်နေရမှာ ဖြစ်ပါတယ်။ လျှောက်ထားသူရဲ့ ကလေး နှင့် အိမ်ထောင်ဖက် တို့ရဲ့ ပတ်စပို့တ်မလိုအပ်ပါ။

လျှောက်ထားသူဟာ Stateless တိုင်းပြည်မရှိသူဖြစ်နေရင်တော့ ပတ်စပို့တ်မလိုအပ်ပါဘူး။

၅.Visa ဖောင်တင်ရန်

ကံစမ်းမဲပေါက်သူအနေနဲ့ DS-260 ဖောင်ကို အလျှင်အမြန် ဖြည့်ဖို့လိုပါတယ်။ အဆိုပါ ဖောင်ဟာ စာမျက်နှာ ၁၀၀ ကျော်လောက် ရှိပါတယ်။ English လိုသီးသန့်သာ ဖြည့်ရပါမယ်။

သူ့အကြောင်းသူ့မိသားစုအကြောင်း အသေးစိတ်တွေ ကို ဖြည့်ပေးရပါမယ်။ ဖောင်ဖြည့်ရင်းမှ လိုအပ်တဲ့ documents တွေ လည်း တစ်ခါတည်း အဆင်သင့်လုပ်ထားဖို့လိုပါတယ်။

ဖောင်တင်ပြီးတာနဲ့ Confirmation page ကျလာပါမယ်။ အဲဒါလေးကို print ထုတ်ပြီးသိမ်းထားပေးပါ၊ အင်တာဗျူးရရင် အဲ့ print out လေးလိုပါတယ်။

ဖောင်ဖြည့်ပြီးတာနဲ့ဗီဇာ ရပလား? နိုးပါ။

၆. စာရွက်စာတမ်းတွေ တင်ရမည်

KCC ကို ဖောင် DS-260 တင်ပြီးတာနဲ့ KCC က လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းလာခဲ့ရင် စာရွက်တွေ တင်ပေးရမယ့် အဆင့်ပါ။

ဘာစာရွက်တွေလိုမလဲ ဆိုတာ တစ်ဉီးနဲ့တစ်ဉီး တူမှာ မဟုတ်ပါဘူး။

အင်္ဂလိပ်လို မဟုတ်တဲ့ တချို့စာရွက်တွေကိုလည်း နိုတြီပြန်ထားပြီးတင်ပေးဖို့လိုပါတယ်။ ဒီစာရွက်စာတမ်းတင်တာ ဖောင်တင်တာတွေကို လုပ်ဖူးလုပ်စ မရှိရင်တော့ တစ်ယောက်ယောက်ကို အကူအညီတောင်းသင့်ပါတယ်။

(ပုံမှန်ဆို ကျွန်တော်တို့က visa service လုပ်တဲ့လူဆိုတော့ အဲလိုတစ်ယောက်ယောက်ကို အကူအညီတောင်းပါဆိုတာမျိုး မပြောချင်ပါဘူး။ ဈေးခေါ်တယ် ထင်မှာစိုးလို့။ဒီတခါပြောတာ တကယ်အရေးကြီးလို့ ပါ။ ဘဝနဲ့ချီပြီးပြောင်းသွားနိုင်တာမျိုးမလို့ပြောတာပါ။)

၇. အင်တာဗျူး

အပေါ်က အဆင့်တွေ အားလုံးအဆင်ပြေသွားပြီဆိုရင် သံရုံးက အင်တာဗျူးခေါ်ပါမယ်။ ဒီအဆင့်ဆို တဝက်လောက် ပျော်လို့ရပါပြီ။ သံရုံးနဲ့ အင်တာဗျူးရကြောင်း KCC က အီးမေးလ်လှမ်းပို့မှာပါ။

၈.ဆေးစစ်ရန်

အင်တာဗျူး စာရပြီဆိုတာနဲ့ ဆေးစစ်ရပါမယ်။ ဆေးခန်းက အောက်က ဆေးခန်းကိုသွားရပါမယ်။ တခြားမရပါ။

Samitivej International Co. Ltd.
No: 9E/2, Kabar Aye Pagoda Road, Mayangone Township, Yangon
phone numbers: (+951) 656732/ (+951) 660545
HP: (+959) 253686320 (+959) 30508263

  • DS-260 တင်တုန်းက confirmation page ကို print ထုတ်ပြီးယူသွားရပါမယ်။
  • Interview အတွက်ပို့ထားတဲ့ email ကို print ထုတ်ယူသွားရပါမယ်
  • မိမိအပါအဝင် DV application ထဲမှာ ပါတဲ့လူတွေအတွက် passport တွေ ယူသွားရပါမယ်
  • အဖြူရောင် နောက်ခံနဲ့ ပတ်စပို့တ် size ကာလာ ဓါတ်ပုံ တစ်ယောက်လေးပုံ
  • ဆေးမှတ်တမ်း မှတ်ရာများ အကုန်ယူသွားပေးပါ

ဓါတ်မှန်ရိုက်တာ TB စစ်တာ အကုန်အစုံစစ်မှာမလို့ အချိန်ကြာပါမယ်။

၉. အင်တာဗျူးအတွက် ဘာတွေ ပြင်ဆင်ထားရမလဲ?

  • ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်နေရာမှာ အင်တာဗျူးမှာလဲ ဆိုတာ သေချာ E-DV website မှာကြည့်ပါ။
  • DS-260 တင်တုန်းက confirmation page ကို print ထုတ်ပြီးယူသွားရပါမယ်။
  • Interview အတွက်ပို့ထားတဲ့ email ကို print ထုတ်ယူသွားရပါမယ်
  • ဆေးစစ်တဲ့အဖြေ စာအိတ်။ ပေးလိုက်တဲ့ စာအိပ်ကို ဖောက်မကြည့်ပါနဲ့ သံရုံးက ဖောက်ထားရင် လက်မခံပါဘူးနော်။
  • လျှောက်ထားသူအားလုံးရဲ့ ပတ်စပို့တ် ယူသွားရပါမယ်။ ပတ်စပို့တ်အားလုံးဟာ ၆ လသက်တမ်း အနည်းဆုံးရှိရပါမယ်
  • မှတ်ပုံတင်/ကားလိုင်စင် ဓါတ်ပုံပါတာတစ်ခုခု ယူသွားပေးပါ။
  • ၂ လက်မ ပတ်လည် ပတ်စပို့တ် ဓါတ်ပုံ တစ်ယောက် ၂ပုံစီယူသွားပေးပါ
  • မွေးစာရင်း အစစ် နဲ့ နိုတြီ
  • ကလေးတွေ အားလုံးရဲ့ မွေးစာရင်း နဲ့နိုတြီ
  • လက်ထပ်စာချုပ်၊နိုတြီနှင့် လင်မယား နှစ်ယောက် relationship ဆိုင်ရာ ဓါတ်ပုံတွေယူသွားပေးပါ
  • အိမ်ထောင်ကွဲရှိပါက ကွာရှင်းစာချုပ်နှင့်နိုတြီများ
  • အိမ်ထောင်စုစာရင်း နှင့် နိုတြီယူသွားပေးပါ
  • လျှောက်ထားသူနှင့် တခြား မိသားစုများအကြားဆက်စပ် စာရွက်များအားလုံးယူသွားပေးပါ
  • တစ်ယောက် 330 USD ကို ပိုက်ဆံ ယူသွားပေးပါ။ အကြွေတွေ ဘာတွေအတိအကျ ယူသွားပါ။ သံရုံးက ပြန်မအမ်းပါ။

၁၀.အင်တာဗျူးနေ့

အင်တာဗျူးက အင်္ဂလိပ်လိုမတတ်ရင် ဗမာလိုဖြေပါ။ ရှက်စရာမလိုပါဘူး မမှားသင့်တာမမှားအောင်ပါ။ အင်တာဗျူးမေးတဲ့ အရာရှိ မေးတာကို တိုတိုနဲ့ ရှင်းရှင်းဖြေပါ။

မိမိနှင့်အတူ သွားမည့် မိသားစု အားလုံးခေါ်သွားရပါမယ်။

သူတို့ကို အင်တာဗျူးမေးမှာ မဟုတ်ဘဲ လိုအပ်မှ သူတို့အတွက် အင်တာဗျူးသက်သက် ထပ်လုပ်မှာပါ။

မိသားစုက နောက်မှ လိုက်လာချင်တဲ့လူများအတွက် မိသားစုကို သပ်သပ် အင်တာဗျူးလုပ်ဖို့လိုပါတယ်။ သတိထားရမှာကတော့ စက်တင်ဘာ ၃၀ ရက်နေ့မတိုင်မှီသွားကြဖို့လိုပါတယ်။

Consular က ဒီအဆင့်မှာဗီဇာ ပေး မပေးတခါတည်းဆုံးဖြတ်မှာပါ။ ဗီဇာ ရရင် တော့ ကိစ္စအားလုံး အောင်မြင်ပြီး လေယာဉ်လက်မှတ်ဝယ် အမေရိကားကို သွားကြရုံပါပဲ။

အဆိုပါ အဆင့်တွေ အစ အလယ် အဆုံး ပါဝင်တဲ့ premium DV service ကို take me to Myanmar က ဝန်ဆောင်မှုပေးနေပါပြီ။

Premium Service - 10 USD
Share on social networks
Social Media Auto Publish Powered By : XYZScripts.com