fbpx
 

UncategorizedUSADV အခက်အခဲများကို ကျော်လွှားပေးမယ့် Premium Service

September 21, 2021
Portrait of big Asian family posing for photo at home sitting on sofa, all smiling happily looking at camera
Portrait of a cheerful asian businesswoman holding american flag while standing and looking at camera isolated over white background
dv
Happy Asian family holding cardboard box run into new home. Relocation concept

DV အခက်အခဲများကို ကျော်လွှားပေးမယ့် TMTM ရဲ့ Premium Service

DV ကိစ္စ ဟိုတစ်ပတ်က ရေးတင်လိုက်တော့ အခုနှစ် 2021 အဖြေ အတွက် ထိုးထားတာလေးတွေ လာတိုက်ခိုင်းကြတယ်။

တိုက်ခိုင်းတဲ့ထဲက တချို့က ပေါက်နေကြတယ်။ သူတို့ ဘာသာ ပေါက်နေမှန်း မသိကြဘူး။ ဘာလုပ်လို့ ဘာလုပ်ရမှန်းလည်း မသိဘူး။ အခု ပဲ ရက် စက်တင်ဘာ ၂၀ ကျော်လာပြီ စက်တင်ဘာ ၃၀ မတိုင်ခင်ကို ဗီဇာ အမှီထုတ်ရမယ်။ တော်တော် မလွယ်တော့တဲ့ အခြေအနေပဲ။

ကံစမ်းလိုက်တာ ကံကောင်းပြီး Visa မရလိုက်တဲ့လူတွေ အတွက်ကတော့ ဘဝမှာ တစ်ဆစ်ချိုး ဖြစ်မယ့် အခွင့်အရေးကြီးတစ်ခု နစ်နာသွားတာပါပဲ။

တော်တော်ကို စိတ်မကောင်းစရာပါပဲ။

အိမ်နားက အကိုကြီး ကျ DV ပေါက်တယ်။ ဘာပြသနာတက်သလဲဆိုတော့ ဖောင်ဖြည့်ပေးတုန်းက မိသားစု ရှိတာမထည့်လိုက်ဘူး။ သူ့ခမျာ ဟိုလုပ်ဒီလုပ် အကြီးအကျယ် ကြိုးစားပြီးတစ်ယောက်တည်း အမေရိကား ကိုတော့ရောက်သွားတယ်။ဟိုကျမှ မိသားစု ပြန်ခေါ်ဖို့လုပ်ရတာပေါ့။ အလုပ်တွေရှုပ် ပိုက်ဆံတွေ ပိုကုန်။ အဆိုးဆုံးက မိသားစု တကွဲတပြားကို နှစ်ချီပြီးနေကြရရှာတယ်။ဘယ်လောက် ဒုက္ခရောက်လိုက်မလဲ။

မြန်မာတွေ DV ပေါက်သူ လူ ထောင်ဂဏန်းရှိပြီး visa ရတာကျတော့  ၅၀၀ ကျော်ပဲ ရှိတယ်လို့ ကြားရတယ်။

DV ပေါက်ပေမယ့် Visa မရလို့ အမေရိကားမှာ အခြေချခွင့်ကို ဆုံးရှုံးလိုက်ရသူတွေ ဘယ်လောက်တောင်များလိုက်မလဲ ။ ဘယ်လောက်တောင် ဆုံးရှုံးသွားပြီလဲ လို့  စိတ်မကောင်းကြီးစွာ စဉ်းစားမိပြီး Premium Service လေးကို စလိုက်တာပါ။

DV ဖောင်တင်တာ လွယ်လွယ်လေးပါ။ နောက်ကိစ္စ တွေကို ဆက်လုပ်ဖို့သာ ခက်ခဲတာပါ။

DV ဖောင်တင်ပြီးရင် ပြီးရော မဟုတ်ဘဲ အဖြေထွက်လာရင် tmtm က အဖြေတိုက်ပေးမယ်။ လူကြီးမင်းအဖြေက ကံကောင်းသည်ဖြစ်စေ ကံမကောင်းသည်ဖြစ်စေ အကြောင်းကြားပေးမယ်။

ကံကောင်းတဲ့ လူတွေကို DV visa လို့ခေါ်တဲ့ နိုင်ငံပြောင်းဗီဇာ လျှောက်ပေးမယ်။

ကျွန်တော်တို့ ပိုက်ဆံ မချမ်းသာပါဘူး ဒါကြောင့် ပိုက်ဆံတွေ စိုက်ထုတ်ပြီး ကူညီမလုပ် ပေးနိုင်ပေမယ့်  ကျွန်တော်တို့ တတ်ထားတဲ့ သိထားတဲ့ပညာလေး နဲ့ ကံကောင်းလို့ DV ပေါက်တဲ့လူတွေ အကုန် အမေရိကားရောက်အောင် ကူညီပေးဖို့ ရည်ရွယ်ပြီး ဒီဝန်ဆောင်မှုကို စတင်လိုက်တာပါ။

ဒီဝန်ဆောင်မှုကို ကျွန်တော်တို့ဖက်က လုပ်ပေးရမှာ အချိန်အားဖြင့်
  • ၂၀၂၁ အောက်တိုဘာ- နိုဝင်ဘာမှာ ဖောင်တင်မယ်
  • ၂၀၂၂ မေ မှာ အဖြေ တိုက်ပေးမယ်
  • ၂၀၂၂ မေ-စက်တင်ဘာမှာ ဗီဇာ လျှောက်ပေးမယ်

တစ်နှစ်တာပတ်လုံးခေါင်းပေါ်မှာ အထုပ်ကြီးတင်ထားပြီး ဝန်ဆောင်မှုပေးရမှာပါ။ 10 USD ပဲ ယူထားပါတယ်။

DV လျှောက်လိုပါက

Share on social networks
Social Media Auto Publish Powered By : XYZScripts.com