Australia Agriculture Visa အတွက် TMTM ရဲ့ သုံးသပ်ချက်
ဒီသုံးသပ်ချက် က Australia Agriculture visa အတွက် အချက်အလက်တွေကို ဖတ်ရှုပြီး သုံးသပ်ပေးထားတာပါ။
Tmtm ရဲ့ သုံးသပ်ချက် သီးသန့်ဖြစ်ပါတယ်။ 100% မှန်မယ်လို့ လည်း မပြောနိုင်ပါဘူး။ အင်တာနက်မှာရှာဖွေ မေးမြန်း ဖတ်ရှုပြီး သိသမျှ အချက်အလက်လေးတွေကို စုစည်းပြီး ဉာဏ်မှီသလောက်လေး သုံးသပ်ပေးထားတာပါ။
Agriculture Visa ဘယ်လို ဖြစ်လာတာလဲ?
Australia Agriculture visa အကြောင်းကို အတိုချုံးရရင် စိုက်ပျိုးရေး ၊ အသားထုတ်လုပ်ရေး၊ ငါးနဲ့ပုဇွန် လုပ်ငန်းတွေက Australia ကို အဓိက ငွေရှာပေးနေတဲ့ လုပ်ငန်းတွေဖြစ်တယ်။
ပြသနာ က အလုပ်သမားရှားပါးမှုပဲ။ အလုပ်သမားမရှိတော့ တခြားနိုင်ငံတွေ ကနေ အလုပ်သမားတွေ ခေါ်ရတယ်။ နည်းအမျိုးမျိုးနဲ့ သူတို့ ခေါ်တယ်။ မရဘူး တိုင်ပတ်နေဆဲပဲ။
တိုင်ပတ်နေတော့…Agri visa ကနေပြီး Australia Permanent Visa လို့ ခေါ်တဲ့ PR (သို့) regional migration လို့ခေါ်တဲ့ သတ်မှတ်နယ်မြေမှာ သတ်မှတ်တဲ့ နှစ်အကန့်အသတ်နဲ့ နေထိုင်ခွင့် ပေးတဲ့ အထိ လုပ်ပေးမယ်လို့ မက်လုံးတွေ ပေးပြီး ခေါ်ရတဲ့ အခြေအနေပေါ့။
Agri visa က သေးသေးလေးမဟုတ်ဘူး Australia အတွက်တော့ အကြီးကြီး လုပ်ချလိုက်တာ။
ဘယ်လောက် ကြီးလဲ ဆိုတော့ ၁၉၉၄ ရွေ့ပြောင်းနေထိုင်မှု ဉပဒေ (migration regulation 1994 ) ကို ပါ သွားပြင်ပြီး လုပ်ရတဲ့အထိ ကြီးမားတဲ့ အပြောင်းအလဲတွေကို လုပ်နေကြရတယ်။
PALM Scheme ကို အခြေခံထားတယ်
Agri visa က PALM scheme လို့ခေါ်တဲ့ Pacific Asia Labour Mobility Scheme ကိုအားဖြည့်ဖို့ အဓိက လုပ်မှာပါ။ PALM scheme က Pacific Asia နိုင်ငံတွေကနေ(Fiji, Popua New Guinea, Nauru , Tonga, etc) အခု လက်ရှိ အလုပ်သမား ခေါ်နေတာ။ ဒီအစီအစဉ်က ရှိနေပြီးသား။ Pacific နိုင်ငံတွေနဲ့ နဲ့ Australia စာချုပ်ချုပ်ထားတယ်။
Australia ဖက်မှာက Labour hire company ( အလုပ်အကိုင် အေဂျင်စီ) တွေ နဲ့ တိုက်ရိုက် ကုမ္မဏီကြီးတွေက PALM scheme မှာ register လုပ်ထားပြီး အလုပ်သမားတွေ ခေါ်ယူပေးတယ်။
ဟိုဖက် Pacific နိုင်ငံတွေ မှာ Labour Sending Unit ဖွဲ့ထားပြီး အဲဒီအဖွဲ့ကတဆင့် အလုပ်သမားတွေ ခေါ်ယူတယ်။ အဲ့ဒီ Labour sending unit က သူတို့ အစိုးရတွေက အလုပ်သမားရေးဝန်ကြီးဌာနတွေက တဆင့် ဉီးစီးပြီး လုပ်ပေးတာ တွေ့ရပါတယ်။
Australia ဖက်ကလည်း ရမ်းသမ်းပြီး မခေါ်ရဲသေးဘူး သက်ဆိုင်ရာ ကဏ္ဍတွေ နဲ့ တိုင်ပင်ပြီး ပထမအသုတ်ဆိုပြီး ဒီဇင်ဘာ ၂၀၂၁ နဲ့ မတ် ၂၀၂၂ ကြားမှာ ခေါ်မယ်။ ဘယ်လိုခေါ်မလဲဆိုတော့ လူနည်းနည်း အခုလောလောဆယ် PALM scheme မှာ ပါဝင်နေတဲ့ နိုင်ငံတွေ နှင့် australia အလုပ်ရှင်တွေ နဲ့ပဲ ခေါ်မယ်။
PR ကိစ္စ
Covid-19 ကလည်းရှိနေတော့ Australia နဲ့ ခေါ်မယ့် နိုင်ငံကြားမှာ quarantine ဝင်ဖို့ကိစ္စတွေလည်း ညှိနှိုင်းရဉီးမယ်။
ဒုတိယပိုင်းဆက်လာမယ် ဧပြီ ၂၀၂၂ နောက်ပိုင်း၊ လူများများတိုးခေါ်မယ် နိုင်ငံများများ တိုးခေါ်ပါမယ်။
ဒီဗီဇာနဲ့သွားရင် ဟိုရောက်မှ အလုပ်ပြောင်းချင်လည်း အိုကေတယ်။ဒါပေမယ့် industry ပြောင်းလို့မရဘူး။
PR ကိစ္စကတော့ ဘာမှတိတိကျကျ မထုတ်ပြန်သေးဘူး ၂၀၂၁ နှစ်ကုန် ဒါမှမဟုတ် ၂၀၂၂ နောက်ပိုင်းမှ ထုတ်ပြန်မယ် လို့ပြောတယ်။ PR အကြောင်းပြောရင် regional ကိစ္စ က အမြဲထည့်ထည့်ပြောတော့ regional မှာ သတ်မှတ်နှစ်တစ်ခု နေခိုင်းပြီးမှ PR ပေးမလားလို့ ကျွန်တော်တို့ကတော့ ထင်မိတာပဲ။
မြန်မာတွေ အတွက် အခွင့်အရေး
အဆုံးသတ်ရရင် မြန်မာပြည်သားတွေ အတွက် Australia Agri visa က ဝေးနေပါသေးတယ် လို့ပဲ ပြောပါရစေ။
ဘာလို့ ဝေးလဲ ဆိုတော့
- PALM ထဲမှာ ပါတဲ့ နိုင်ငံ မဟုတ်ခဲ့ဘူး။
- မြန်မာပြည် အစိုးရ ဖက်နှင့်ညှိနှိုင်း စာချုပ်ချုပ်ဆိုပြီးမှ ခေါ်မယ်ဆိုတော့ အဲဒီကိစ္စလည်း အချိန်အတိုင်းအတာတစ်ခုလိုပါဦးမယ်
- Australia ဖက်ကလည်း PR ထိ ပေးရမယ့် ဗီဇာကို အချိန်အတိုင်းအတာတစ်ခု ယူပြီး စမ်းသပ်မယ်။ စမ်းသပ်ပြီး အဆင်ပြေမှ တိုးချဲ့ပါမယ်။
- မြန်မာနိုင်ငံက ကနဦးစာရင်းထဲမှာ ပါခဲ့ပေမယ့် ပထဉီးဆုံးစမ်းသပ်မယ့် နိုင်ငံထဲမှာ တော့ ယခုအခြေအနေ အရ ပါနိုင်သေးပုံမပေါ်တာတွေ့ရပါတယ်။
- အစောဆုံး မျှော်လင့်နိုင်တာ ဧပြီ ၂၀၂၂ နောက်ပိုင်းပါပဲ
ဒီလိုပြောရတာ စိတ်မကောင်းဖြစ်ရပါတယ်။ သို့သော် ဒီအခွင့်အရေးတစ်ခုတည်းကို ထိုင်စောင့်မနေကြဘဲ တခြား ကိုယ်နဲ့ လက်လှမ်းမှီရာ အခွင့်အရေးလေးတွေကိုလည်း မျက်စိဖွင့် နားစွင့် နိုင်ပြီး မိမိတို့ အချိန်ကို အကျိုးရှိရှိ အသုံးပြုနိုင်စေဖို့ ရည်ရွယ် ပါတယ်ဗျာ။