fbpx
 

JobUAEDubai ကို အလုပ်သွားလုပ်ချင်တယ် ဘယ်လိုလုပ်ရမလဲ?

August 29, 2021
210610728_4270091126383157_3315852079044880305_n
211666087_4270108113048125_7865965950772934876_n
211112933_4270108099714793_3126191279437743742_n
211596575_4270108199714783_5818805786560520314_n
196426145_4270108139714789_4081198073649208726_n
215005065_4270091106383159_2010551174538182338_n
Covid crisis ဖြစ်ပြီးတော့ UAE မှာလည်း တခြားနိုင်ငံမှာ ရှိနေတဲ့ လူတွေကို အလုပ်ခေါ်ဖို့ထက် နိုင်ငံတွင်းမှာ ရှိနေပြီးသား အလုပ်သမားတွေကို အလုပ်ခေါ်ဖို့ကို ပိုပြီး အခွင့်အရေးပေးကြပါတယ်။ သူ့နိုင်ငံသွားပြီး အလုပ်ရှာမှ ရနိုင်မယ့်အခြေအနေလေးဖြစ်နေတယ်ပေါ့။ ပန်းခင်းထားတဲ့လမ်းတော့ မဟုတ်ဘူးပေါ့..နိုင်ငံပြောင်းတယ်ဆိုကတည်းက အခက်အခဲတွေရှိတယ် ကိုယ့် အမူအကျင့်တွေကို ပြောင်းလဲပစ်ရတာတွေ ရှိတတ်တာကိုး..။
ကောင်းတာအားသာတာက UAE မှာ အလုပ်သွားရှာဖို့ အတွက် visit visa က သိပ်ကိုလွယ်ပါတယ်။
အလုပ်ရချင်ရင် ဘာတွေလိုမလဲ?
ဟိုရောက်လို့ အလုပ်ရှာ ရင်တော့ ✅ မဖြစ်မနေ ✅လိုအပ်တာ (mandatory )
📌 English လို ပြောတတ် နားလည် Communicate လုပ်နိုင်ဖို့ (သို့) Hindi လို ပြောနိုင် နားလည်လည်းရတယ်(သို့)အာရပ်လိုပြောနိုင်ပိုကောင်း
📌 ဒေါင်ကျကျ ပြားကျကျ လက်ခံနိုင်ဖို့
ဒါကဘယ်နိုင်ငံပဲ စသွားသွား ဒီစိတ်ရှိဖို့လိုတယ်။ အနိမ့်ဆုံးအလုပ်ရှာတဲ့အချိန်မှာ ငွေကုန်ကြေးကျ သက်သာဖို့ ၂ ထပ်ကုတင်နဲ့ အိပ် ဘတ်စကား တို့ ရထားတို့ စီး ။ တစ်နေ့ ထမင်း ၂ ထပ်လောက်စားပြီး တွေ့ သမျှအလုပ် CV ပို့နေရတတ်တယ်။ အင်တာဗျူးတွေ 50 C အောက်မှာ သွားရမယ်။
📌 ပိုက်ဆံ ဆောင်ထားဖို့လိုမယ်
ဒီကနေ ၃ လ visa လျှောက်ပြီး လေယာဉ်လက်မှတ်ဝယ်သွားလိုက်မယ်။ ဟိုမှာ Bed space ငှားနေမယ်။ ၃ လ ပြည့်လို့မှ အလုပ်မရသေးရင် ဘာလုပ်မလဲ?
Extension ၃ လ visa ထပ်ဝယ် ပြီး အလုပ်ရှာရပါမယ်။ နေစရိတ် စားစရိတ် သွားစရိတ် နဲ့ဖုန်းခတွေက တော့ တက်နေမှာပဲ
ဒီလို ၂ ကြိမ်လောက် လုပ်နိုင်ဖို့ ပိုက်ဆံ ပိုယူသွားတာဟာ Agent Fees ထက် ပိုသေချာတယ်။ ပိုပြီးမျှော်လင့်ချက်ရှိတယ်။
👉ဒီအခြေခံ လိုအပ်ချက် ၃ချက် ပြည့်စုံရင် အလုပ်သွားရှာလို့ရပါပြီ။

ဘယ်လို ကြိုးစားရလဲ?

ကျွန်တော် ဒူဘိုင်းမှာ အလုပ်ရှာတုန်းက နှစ်ပတ် နဲ့ အလုပ်ရတယ်။ နှစ်ပတ်အတွင်း CV အစောင် ၂၀၀ ကျော်ပို့တယ်။ Position တစ်ခုအတွက် CV တစ်မျိုး နဲ့ CV ၃ မျိုးလောက် လုပ်ထားတယ်။ အင်တာဗျူး တစ်ခုပဲ ရတယ်။ အဲ့တစ်ခုနဲ့ပဲ အလုပ်ရတယ်။လွယ်တော့မလွယ်ဘူးပေါ့။
အဲ့အလုပ်မှာပဲ ၇ နှစ်ကျော်လုပ်ခဲ့တယ်။ ရာထူးတွေ လစာတွေ allowance တွေတော့တိုးတာပေါ့။
🏆အလုပ် မြန်မြန် ရနိုင်မယ့်အချက်တွေက
👉အသက်မွေးဝမ်းကြောင်းပညာတစ်ခုကို သေချာတတ်မြောက်ပြီး အလုပ် အတွေ့အကြုံရှိထားတဲ့လူတွေ
ဉပမာ- ဆံပင်ညှပ်တတ်တယ် ဆံပင်ညှပ်ဆိုင်မှာလည်း လုပ်ဖူးတယ်။ အပေါ်က ပြောခဲ့တဲ့ သုံးချက် နဲ့လည်းညီတယ် ဆိုရင် ဆံပင်ညှပ်ဆိုင်တွေ ချည်းအလုပ်လိုက်ရှာကြည့်..ခဏနဲ့ အလုပ်ရမှာပါ။
📍Chef
📍IT သမား
📍Hospitality professional
📍Bartender
📍Accountant
📍ကားပြင်တတ်တဲ့လူတွေ
📍HR
📍Engineer
လို position တွေက မိမိအလုပ်သာ ကျွမ်းကျင်ပါစေ အလုပ်ရဖို့ သိပ်မြန်တယ်။
👉 အသက်မွေးဝမ်းကြောင်းပညာ မရှိတဲ့လူတွေက Language
ကျွမ်းကျင်ရင် Social ကောင်းရင် အလုပ်ရမြန်မယ်။ English (or)
Hindi လိုကောင်းကောင်းပြောတတ်မယ်။ လူရည်လည်မယ်။ သွက်သွက်လက်လက် ရှိမယ်။ အင်တာဗျူးမှာ ပြောတတ် ဆိုတတ်မယ်ဆိုရင် အလုပ်ရမြန်မယ်။
💪ဖြစ်နိုင်မလား မဖြစ်နိုင်လားဆိုတာ ကိုယ့်အပေါ်မှာပဲ အများကြီး မူတည်ပါလိမ့်မယ်။ များများလျှောက် များများဗြူး မြန်မြန် အလုပ်ရပဲ။
အဆင်ပြေကြပါစေ လို့….. ဆုတောင်းပေးပါတယ်🙏
💰ကုန်ကျစရိတ် အကြမ်းဖျင်း💰
ဗီဇာ – 265 USD (250 + 15 )
လေယာဉ်လက်မှတ် – 780 USD
Bedspace ငှားခ – 690 USD (230 USD/month)
Metro ရထားခ – 150 USD ( 50 USD/month)
စားစရိတ် – 200 USD ( 66 USD/month)
ဖုန်းခ – 120 USD (40 USD/month) အများစု bedspace တွေမှာ wifi ပေးပါတယ်။
၃လအလုပ်သွားရှာရင် ကုန်ကျစရိတ် 2200 USD လောက် လို့ ခန့်မှန်းလို့ရတယ်။
အခု ဒေါ်လာဈေး 1635 နဲ့တွက် ရင် 2200 x 1635 = 35 သိန်း 9 သောင်း 7 ထောင်ပါ။ ၃ လမတိုင်ခင် အလုပ်ရရင် အဲ့လောက် မကုန်တော့ဘူးပေါ့။
မိမိကြိုက်နှစ်သက်ရာအလုပ်ကို သေချာရွေးလျှောက်နိုင်ပါတယ်။
အဆိုးဆုံးအခြေအနေ
၃ လမှအလုပ်မရရင် Extension ထပ်တိုးမယ်ဆို လေယာဉ်လက်မှတ်ဖိုး 780 USD နှုတ်ပြီး တခြားကုန်ကျစရိတ်တွေထည့်ပေါင်းရင် နောက် ၃ လ ပေါင်း ၆ လ အလုပ်ရှာလို့ရနိုင်ပါတယ်။
Dubai သွားချင်တယ် ဆိုရင််တော့ Visa+airticket အတွက် TMTM ကိုဆက်သွယ်ပေးပါ …09 26 153 777 0 ~ 4 ( ဒါကတော့ ကြေငြာပေါ့ 😁)
Share on social networks
Social Media Auto Publish Powered By : XYZScripts.com